Header-IMG2
ကဗျာလေး Artist : Cobra
မင်းကိုတွေ့တဲ့နေ့ကစပြီး ရင်ခုန်သံတွေကို သံစဉ်ဖြစ်အောင်ပြောင်းလည်းတတ်လာခဲ့တယ် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ငါ့နားကမင်း ပျောက်ဆုံးသွားမှာကို အရမ်းကြောက်မိနေလို့ မှောင်နေတဲ့ ည အခန်းလေးထဲ ဖယောင်းတိုင်လေးတစ်တိုင်ကို မီးညှိပြီး ရေးထားတဲ့ ကဗျာတစ်ပုဒ် ရင်မောတွေးလို့ လှမ်းကြည့်လိုက်တော့ မင်းအကြောင်းဖြစ်နေလို့ ငါ့မှာတိတ်ဆိတ်စွာနဲ့ အံ့သြလို့နေခဲ့တယ် ကိုယ်တိုင်သေချာမသိတဲ့ မင်းအတွက်ကဗျာလေး ဘယ်တုန်းကရေးထားမိလဲ တွေဝေနေတဲ့ရုတ်တရက်မှာပဲ ငါ့ရှေ့က ဖန်ခွက်လေး လေမတိုက်ဘဲကျကွဲ ဒီအချိန်မှာပဲ ထူးဆန်းစွာနဲ့ ကိုယ့်အနားရောက်လာခဲ့တဲ့ ကိုယ့်ရဲ့နတ်သမီးလေး တကယ်ထင်နေခဲ့တာ နောက်ဆုံးတော့ မင်းရဲ့ ပုံရိပ်ခလေးတာ ဖြစ်လို့နေခဲ့ ပိုင်ဆိုင်ဖို့လည်းရှိမရှိတော့မှန်း သိလျက်နဲ့ ငါဟာ တမ်းတနေတာ အချစ်ကြောင့်ပဲ ငါ့မှာရူးမတတ်ခံစား ကြေကွဲရပေမဲ့လေ ဘယ်လိုမှ ဖျောက်ဖျက်မရအောင် မင်းတစ်ယောက်ကိုပဲ ငါ. စွဲလန်းစွာချစ်ခဲ့… ဟူး.. ဟူး.. ဟူး… လိုအပ်ချက်တိုင်းကို မင်းအတွက်ဖြည့်ဆည်းပေးလို့ ဘ၀တစ်ခုလုံးကို ပုံအပ်ကာပေးထားလိုက်ချင် ဆုံတုန်းလေမင်းကို အနားမှာအမြဲထားပြီး ရင်ထဲကအကြောင်းတွေ (ထာဝရ ပြောပြချင်တယ်)၂

Labels:

0 Comments:

Post a Comment

<< Home

Serial-song
Myanmar-Classical-Songs


myspace fetishmusic player for myspaceimvu playlist

Leave a message:


TOP