Header-IMG2
ဒီဇင်ဘာည Artist : လင်းနစ်
အပြင်မှာနှင်းတွေ ကျဆင်းလို့နေသည် အိပ်မက်ဟောင်းငယ် ရင်ထဲရောက်လာသည် ငါမလိုချင်သော နာရီများ လွန်ဆန်ချင်နေလည်း မျှော်လင့်ခြင်းတွေ ငါမုန်းလိုက်ချင်ပြီ ဒီလိုညတွေ ကုန်ဆုံးလိုက်ချင်သည် မြူမှုန်တွေရဲ့ ခြေသံလေး နင်ပြန်မလာတော့ဘူးလား CHO : ( ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ အတူဆုံးနေကျ ဒီလိုအချိန်လေးရောက်လာ ဟို.. အရင်က အပြာရောင်အိပ်မက်လေးကို ပြန်လည်တမ်းတရင်း ကြေကွဲ ငါငိုနေဆဲ ယုံပါကောင်မလေးရေ ပြန်ဆုံနိုင်မယ့် ကံကို ငါတမ်းတတယ် ဒါပေမယ့်လည်း အဖြူရောင်မြူနှင်းကြားမှာ ငါဟာအချစ်ပျောက်လိုက်ရှာရင်းနဲ့ လွမ်းနေဆဲ…) ပူလောင်ခြင်းတွေ ရင်ထဲပြည့်နေပြီ ဒီဇင်ဘာညကို အံတုလို့နေသည် ငါမလိုချင်သော ဒဏ်ရာလေး နာကျင်နေပြီပဲ မျှော်လင့်ခြင်းတွေ ငါမုန်းလိုက်ချင်ပြီ ဒီလိုညတွေ ကုန်ဆုံးလိုက်ချင်သည် မြူမှုန်တွေရဲ့ ခြေသံလေး နင်ပြန်မလာတော့ဘူးလား CHO : CHO : CHO : အချစ်ပျောက်လိုက်ရှာလဲပဲ အိုး … ဟို … ဟို …

Labels:

0 Comments:

Post a Comment

<< Home

Serial-song
Myanmar-Classical-Songs


myspace fetishmusic player for myspaceimvu playlist

Leave a message:


TOP