Header-IMG2

အချစ်တို့ပြန်ပေးပါ Artist : ဧကရီ

မင်းလေးမေ့နေတဲ့အချိန် ငါ့မှာတစ်ယောက်တည်း လွမ်းဆွတ်လို့ကြေကွဲ မင်းနဲ့ဝေးချိန်လေးတွေ မနေတတ်ဘူး သိပ်ချစ်လွန်းလို့ပါ ပြန်ခဲ့ပါ အချစ်ရယ်.. ပြန်ခဲ့ပါ အချစ်ရယ်…

မင်းထားရက်ခဲ့ဖူးတယ် ငါ့ကိုဘာကြောင့် အကြောင်းပြချက်တွေမပေး မုန်းမေ့နိုင်ဖို့တော့ မလွယ်ပါဘူး သိပ်ချစ်လွန်းလို့ပါ ရင်ထဲသိပ်လွမ်းတယ် ရင်ထဲသိပ်လွမ်းတယ် ပြန်ခဲ့ကွယ်…

CHO : ကြိုလင့်နေခဲ့ ငါ့ရင်ခွင် မင်းလေးလှမ်းခဲ့ပါ ခွင့်လွှတ်နေရင်းငါ့အချစ်တွေ မင်းအတွက်သက်သက်ပါ ပျော်နေကြတဲ့ ချစ်သူတွေ မင်းလေးတွေ့တဲ့အခါ သတိရမှာလားမေးတဲ့အခါ ရင်ထဲကစကားဖြေပါ…

ကြင်နာသူတွေ ပျော်နေချိန်မှာ ကိုယ့်ရဲ့အသည်းဟာကွဲအက် မကြင်နာသူ သူဘယ်ဆီမှာ မေ့ပျောက်ထားနိုင်စွမ်းရဲ့ တစ်ချိန်ချိန်မှာ သူပြန်လာမယ် မသိစိတ်ထဲက မျှော်လင့်ဆဲ ကိုယ်တစ်ယောက်တည်း မင်းပေးတဲ့ပို့စကဒ်လေးတွေ မင်းပေးတဲ့ ဓါတ်ပုံလေးတွေ သတိရတိုင်းထုတ်ကြည့်မိတာ တဆစ်ဆစ်နဲ့လွမ်းဆိပ်တက်လာ ရောက်တဲ့အရပ်မင်းပြန်ခဲ့ပါ ဟိုအရင်လို မင်းရဲ့အချစ်တို့ ပြန်ပေးပါ အိုး…

Labels:

0 Comments:

Post a Comment

<< Home

Serial-song
Myanmar-Classical-Songs


myspace fetishmusic player for myspaceimvu playlist

Leave a message:


TOP