Header-IMG2
ဆာယိုးနားရား Artist - စောညီညီ၊ မိုးမိုး
CHO : ပြန်မလာတော့ဘူးပေါ့ သေချာ ဆုံးဖြတ်ပြီးခဲ့ရင် ငါမကျေနပ်ဘူးပေါ့ ပြန်လည် မုန်းလည်းမမုန်းရက်ပါ နင်မရှိတဲ့ဘ၀မှာ ရှင်သန်စရာမရှိတော့ဘူး ကျေကွဲပြီးနေ့စဉ် လူတကာအလည် အသက်မရှင်ဘူး ပျော်ပါစေချစ်သူ ငါဟာလမ်းပျောက်ခဲ့သူပါ သံသရာမှာ နောက်တစ်ခေါက် မကြုံခင် ရှုံးနိမ့်ခဲ့သူပါ Rap 1 : လေယာဉ်ပျံတီထွင်ခဲ့တဲ့ လူတွေကိုလည်းမုန်းတယ် တစ်ချိန်ချိန်မှာ အမေခေါ်ရမယ့် အန်တီကိုလည်းမုန်းတယ် မင်္ဂလာဒုံလေဆိပ်က ခုံတွေကိုလည်းမုန်းတယ် ပြန်လာမယ် ပုံပြောခဲ့တဲ့ ကြင်နာသူလည်းမုန်းတယ် လေယာဉ်ပျံကိုမုန်းရတာ လေယာဉ်ပျံကခေါ်ဆောင်သွား ဟိုအန်တီကိုမုန်းရတာ သူအစီအစဉ်နဲ့ ရေမြေခြား လေဆိပ်က ခုံတွေကတော့ ငါ့မျက်ရည်အတွက် သက်သေ ကြင်နာသူလေး မင်းဘ၀အတွက် ဆုံးဖြတ်ချက်က ခက်နေ ရက်တွေထပ်နေပြီး တစ်ညနေပြီးတစ်ညနေ လက်တွေချိုးရေပြီး အလွမ်းတွေနဲ့ မနက်တွေ ငါ့ဘ၀အတွက် မင်းမရှိရင် အချစ်မရှိတာ မင်းမသိ အခြားတစ်ရက် အခြားတစ်ယောက် သံသယတွေပွားမိ ဗုဒ္ဓအဆုံးမက ကိလေသာက ဒုက္ခ ခုမှ တရားမှတ်လည်း ပါရမီက နည်းပါး လွဲမှားတဲ့ ငါ့ပုဒ်စာအတွက် မသိကိန်းက မင်းလေး ပြောင်းပြန် တချို့ကြတော့ ညီမျှခြင်းက အလှမ်းဝေး အမှတ်တရ လိုချင်ခဲ့သူ ပညာနဲ့ ဥစ္စာ အခြားမှာ ရှာဖွေရမှ ပြန်လာမယ်ဟုတ်လား … CHO : Rap 2 : ချစ်သူ တစ်ချက်အသိ အနေဝေးတော့သွေးအေးတတဲ့ မင်းအသက်က ခုမှ နှစ်ဆယ်ပတ်လည် ခလေးလေးပဲ ငါ့ကိုလွမ်းတာ နောက်ကွယ်နောက်ကြ မင်းရင်ထဲမှာရှိမလဲ ဝေးနေခြားမှာနီးစပ်သွား ဖြစ်လာခဲ့ရင် ဘယ်လိုလဲ တည်ငြိမ်မှုဆိုတာက ငါတို့အရွယ်အတွက် လက္ခဏာ ရင်ခုန်မှုဆိုတာက မင်းတို့အရွယ်အတွက် ပြဿနာ တစ်ယောက်တည်း အဖေါ်မဲ့ပြီး အထီးကျန်နေမယ့်မင်းအတွက် အကြင်နာအပြည့်ကူညီမယ့် ငါလိုလူများရှိမယ် ဒီလိုရေး ဒီလိုတွေးလို့ ငါရိုင်းသွားရင် ခွင့်လွှတ် တ၀န်သိုဆဲ အရင်လိုပဲ ဒါလည်းမင်းကိုချစ်လို့ CHO : ပြန်လာပါချစ်သူ ငါဟာမင်းမမရှိမဖြစ်သူပါ အရင်အချိန်လို ဒို့တွေအကြင်နာနွေးထွေးရအောင်ပါ..

Labels:

0 Comments:

Post a Comment

<< Home

Serial-song
Myanmar-Classical-Songs


myspace fetishmusic player for myspaceimvu playlist

Leave a message:


TOP